Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNUဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးနှင့် အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံမှု KNU နှင့် လုံးဝမသက်ဆိုင်ဟုဆို

KNUဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးနှင့် အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံမှု KNU နှင့် လုံးဝမသက်ဆိုင်ဟုဆို

ABN-ရှိုင်းမိုး

အောက်တိုဘာ ၃ရက်

စက်တင်ဘာလ ၃၀ရက်နေ့က နေပြည်တော်တွင် စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အတူ KNU -CEC ဟောင်းပဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ အပါဝင် တာဝန်မှအနားယူထားသည့် ပဒိုစောရွှေမောင်းတို့ တွေ့ဆုံမှုသည် KNU နှင့် လုံးဝ မသက်ဆိုင်ကြောင်း KNU ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှုသည် ကေအဲန်ယူနှင့် လုံးဝ (လုံးဝ) ပတ်သက်ခြင်းမရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားပစည်းအရုံး ဗဟိုဌာနချုပ်မှ အောက်တိုဘာလ ၂ရက်နေ့ကထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့က (၁၇)ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့သည့် First 100 Days: KNU IN NEW ERA သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံရေးအရ တရားဝင် စစ်တပ်မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း အတိအလင်း သတိပေးထုတ်ပြန်ခဲ့ပြီးဟု ဖော်ပြထားသည်။

ယခုလို တွေ့ဆုံမှုပြုလုပ်သည်ဟု သတင်းထွက်ပေါ်လာမှုသည် အာဏာသိမ်းစစ်ကောင်စီမှ ကေအဲန်ယူအဖွဲ့စည်းကို ရှုပ်ထွေးမှုဖြစ်အောင်ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ထိုနည်းတူ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက်တိုက်ပွဲဝင်နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်၏အစီအစဉ်သာဖြစ်သည်ဟု ၎င်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ကေအဲန်ယူ (KNU)သည် မိမိနိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးအတွက် ဘဝတူ တော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ်ရပ်တည်လျက် တစိုက်မတ်မတ်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်