Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNUအုပ်ချုပ်နယ်မြေ မူးမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ ၃ဦးအား ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ခဲ့ဟုသိရ

KNUအုပ်ချုပ်နယ်မြေ မူးမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ ၃ဦးအား ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ခဲ့ဟုသိရ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၈ရက်

KNUအုပ်ချုပ်နယ်မြေဖြစ်သည့် မူးမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ပြည်သူ (၃) ဦးအား အကြောင်းမဲ့ ဖမ်းဆီးကာ နေအိမ် (၁၂) လုံးကိုမီးရှို့ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၁၆၀၀) နီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်း ယနေ့ စက်တင်ဘာလ ၁၈နေ့တွင် KNUမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့တွင် စစ်ကောင်စီတပ်များမှာ KNUအုပ်ချုပ်နယ်မြေ ငထွေစုတ်ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ၎င်းကျေးရွာတွင် ပြည်သူ ၈ဦးသာကျန်ရှိနေပြီး ထိုအထဲမှ ၃ဦးကို ဖမ်းဆီးရရှိသွားကြောင်းဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ ငထွေစုတ်ကျေးရွာမှ အသက် ၆၀အရွယ် နော်ဒိုဂေ ၊ အသက် ၅၀အရွယ် နော်ဒိုင်ရီစိုး နှင့် အသက် ၃၀အရွယ် မမြသန်းစိန်တို့ဖြစ်ကြသည် ။

၎င်းအပြင် ကျေးရွာအတွင်းရှိ နေအိမ် (၁၂) လုံးမှာလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်းထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ငထွေစုတ်ကျေးရွာနှင့် မျက်ရဲကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲထားပြီး စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရေလဲကရင်ရွာနှင့် ရေလဲဗမာရွာမှ အိမ်ခြေစုစုပေါင်း (၁၉၂) လုံးရှိ လူဦးရေ စုစုပေါင်း (၁၅၃၄) ဦးမှာ အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ရေဘေးအန္တရာယ်ကိုလည်း ရန်မျိုးအောင်ရွာ နှင့် တမောမရွာရှိ နောက်ထပ် အိမ်ခြေ (၁၂) လုံးမှ လူဦးရေ စုစုပေါင်း (၇၀) မှာ ရင်ဆိုင်နေရသည်။

ထို့အပြင် မိုးတွင်းကာလဖြစ်သည့်အတွက် ထွက်ပြေးတိမ်ရှောင်နေရသော ပြည်သူလူထုများသည် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အမိုးအကာများ မလုံလောက်သည့် ပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရကာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ