Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNUအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် KNLA၏ရဲဘော် ၃ဦးအပါဝင် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် စာသင်ကျောင်းများပျက်စီး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၈ရက်

အောက်တိုဘာလ ၁၇ရက်နေ့ နံနက်ပိုင်းအချိန် KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ (၃) အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု

ကြောင့် KNLAရဲဘော် ၃ဦးအပါဝင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း ယမန်နေ့အောက်တိုဘာလ ၁၇ရက်နေ့က KNUမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ လေကြောင်းဖြင့် (၆) ကြိမ် ဂျက်တိုက်လေယာဉ်ပါ စက်သေနတ်များဖြင့် ပစ်ခတ်မှု (၆) ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် ရဲဘော် ၃ဦးနှင့် အရပ်သား၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူပိုင် အဆောက်အဦး (၃) လုံး၊ ပြည်သူ လူထု၏ နေအိမ် (၃) လုံးပျက်စီးခဲ့သည့်အပြင် နနွင်းခင်း (၁)ခင်း နှင့် ကန်စွန်းဥခင်း (၁)ခင်း လည်း ပျက်စီးခဲ့ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အောက်တိုဘာလ ၁၆ရက်နေ့ ညနေအချိန်ကလည်းဘKNUအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲ၊နွားများ သေဆုံးကာ နေအိမ်များပျက်စီးခဲ့သည်။

KNUအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ (၃)၊ ဆောထိ(ရွှေကျင်)မြို့နယ်တွင် အောက်တိုဘာလ (၁၆) ရက်နေ့ ည အချိန်က ပိန်းဇလုပ်၌ အခြေစိုက်သည့် စစ်ကောင်စီတပ် ခမရ၂၆၄ တပ်ရင်း ရေကြည်ချောင်းတွင် နေသည့် စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့သောကြောင့် ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွားအတွင်းရှိ ဦးဝင်းဌေးနှင့် ဒေါ်အေးမူတို့၏ နေအိမ်ပေါ်သို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ကြသည်။

ထိုလက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ဦးဝင်းဌေးနှင့် ဒေါ်အေးမူတို့၏ နေအိမ်ပျက်စီးခဲ့ရပြီး ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မုန်းတို့ (၃) ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် ၎င်းတို့မွေးမြူထားသော နွား (၃) ကောင် ထိခိုက်ကာ (၂) ကောင်သေဆုံးခဲ့ရပြီး ကာလတန်ဖို့ ကျပ် (၃၅) သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနီးအနားရှိ ကျေးရွာများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနှင့် ခေါလိုကလိုး မူလတန်းကျောင်း စသည့်ကျောင်းများကိုလည်း ယာယီပိတ်ထားရဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ