Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNUနယ်မြေအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးပြီး (၁၀) ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်းထုတ်ပြန်

  • KNUနယ်မြေအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးပြီး (၁၀) ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်းထုတ်ပြန်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၄ရက်

စစ်ကောင်စီတပ်မှ KNUအုပ်ချုပ်နယ်မြေအတွင်းသို့ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရသွားကြောင်း ယနေ့ စက်တင်ဘာလ ၁၄ရက်နေ့ ညနေက KNUမှတထုတ်ပြန်ထားသည်။

KNUအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် တပ်မဟာ (၃)တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးကာ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံး၊ စပါးကျီ (၂)လုံး၊ နွားတဲ (၂)လုံး နှင့် ဆိုင်ကယ် (၄)စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် ပြည်သူ (၁) ဦး၏ ပစ္စည်းများမှာလည်း အတင်းအဓမ္မသိမ်းယူသွားသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ခမရ ၄၃၉၊ ခလရ၆၀နှင့် ခလရ ၂၀၇တို့မှာ စက်တင်ဘာလ ၁နေ့မှ ၁၂နေ့အထိ KNUအုပ်ချုပ်နယ်မြေဖြစ်သည့် မုန်းမြို့နယ်ရှိ

ကျေးရွာများသို့ လက်နက်ကြီး(၁၉)ကြိမ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ (၃)သေဆုံးခဲပြီး လေကြောင်းမှ (၅၃)ကြိမ်တိုက်ခိုက်မှုကြောင့် ပြည်သူ( ၂)ဦးသေဆုံးခဲ့ကာ ၇ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီတပ်များမှ သစ်ချဆိပ်ရွာ၊ တိုင်ပေါ်ရွာ၊ ဟော်ခိုဂေါရွာ၊ ကရင်မျက်ရဲရွာ၊ ဗမာမျက်ရဲရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ကောက်ခံရရှိသော စာရင်းများအရ နေအိမ်(၅)လုံး၊ စပါးကျီ(၂)လုံး၊ နွားတဲ(၂)လုံး နှင့် ဆိုင်ကယ်(၄)စီး တို့မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်း ဆက်လက်တပ်စွဲထားသောကြောင့် ထိခိုက်ပျက်စီးမှုစာရင်း အသေးစိတ်ကိုမူ ကောက်ခံ၍ မရနိုင်သေးကြောင်း ထုတ်ပြန်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ