Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KIO ၏ ၆၂ နှစ်မြောက် တေးဂီတဖျော်ဖြေပွဲအခမ်းအနားကို စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဆိုတော်များအပါအဝင် ပြည်သူ ၅၀ ကျော်သေဆုံး

ကချင်ပြည်နယ် ဖားကန့်တွင် စက်တင်ဘာ ၂၃ ရက်နေ့ညက ကျင်းပလျက်ရှိနေခဲ့သည့် KIO ၏ ၆၂ နှစ်မြောက် အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲ ကျင်းပနေစဥ် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကချင်နာမည်ကြီးအဆိုတော်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရသည်ဟု ကချင်သတင်းရင်းမြစ်များ ဖော်ပြချက်အရသိရသည်။

ဖားကန့်ရှိ တပ်မဟာ ၉ တွင် မနက်ဖြန် အောက်တိုဘာ ၂၅ ရက်နေ့တွင်ကျရောက်မည့် ကချင်လွတ်မြောက်ရေးတပ်မတော် ၆၂ နှစ်ပြည့် အခမ်းအနား တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဥ် ည ၈ နာရီ ၄၀ အချိန်က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဥ် ၃ စီးဖြင့်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့ရသည့်အထဲတွင် ကချင်နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်သည့် အော်ရာလီ (Aurali) လည်းပါဝင်ပြီး နောက်ထပ် ရုပ်ရှင်သရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ကချင်အနုပညာရှင်ကြီး အော်ရာလီ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ