AB News – ဧပြီ ၉၊ ၂၀၂၅
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းမှုများ စတင်နေကြောင်း KIA/KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ ၌ ရေးသားပြောဆိုထားသည်။
သက်ဆိုင်ရာမိဘပြည်သူများ နားလည်ကူညီပေးကြရန်နှင့် အွန်လိုင်းသုံးစွဲသူများ၊ မီဒီယာများအပြင် အကြံပြုထောက်ပံ့လိုသူများထံမှ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ မျှော်လင့်ကြောင်း ပြောဆိုထား သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အပါအဝင် မန်တုံ၊ နမ့်ခမ်း၊ မုံးဝီး၊ နမ့်ဖတ်ကာ၊ မန်တုံ၊ မုံးကိုး စသည့် ဒေသများတွင်ရှိသည့် KIA အခြေစိုက်ရုံးများတွင် နေထိုင်သူများကို ထွက်သွားရန် TNLA တပ်ဖွဲ့များ ပြောဆိုမှုကြောင့် နှစ်ဖက်နယ်မြေအငြင်းပွားမှုများ ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးကို TNLA မှ လာရောက်ဖယ်ရှားခဲ့သောကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။
TNLA နှင့် KIA အကြား နှစ်ဖက်ပွတ်တိုက်မှုကို ဖြေရှင်းနိုင်ရန် ဗဟိုအဆင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း TNLA ဖက်မှ မတ်လအတွင်း ပြောဆိုထားခဲ့သည်ကို တွေ့ရှိရသည်။