Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA ထိုးစစ် သံတွဲမြို့အနီးသို့ ရောက်ရှိလာ၊ စစ်ကောင်စီ ရွှေလှေစစ်ကြောင်း ခေါင်းဆောင် ခလရ ၅၅ တပ်ရင်းမှူး ခွန်မျိုးလွင်ဦး နေပြည်တော်သို့ ထွက်ပြေး

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ် ရေစင်ရွာအနီးသို့ AA ကထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ၂ ဖက်စစ်ရေးပြင်းထန်နေပြီး ရွှေလှေစစ်ကြောင်းကို ဦးဆောင်နေသည့် ၅၅ တပ်ရင်းမှူး ခွန်မျိုးလွင်ဦး နေပြည်တော်သို့ ထွက်ပြေးသွားကြောင်း AB News ကစုံစမ်းသိရှိရသည်။

ယနေ့ မေလ ၁၄ ရက်၊ နံနက် ၈ နာရီကျော်တွင် အာရက္ခတပ်တော်က ရေစင်ရွာအနီးရှိ အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၈ နာရီလောက်မှာ AA က ရေစင်ရွာအနီးက စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တယ်။ ပြေးတဲ့ကောင်တွေပြေး၊ သေတဲ့ကောင်သေသွားတယ်။ တိုက်ပွဲက ပြင်းလာနေတယ်။ တပ်ရင်းမှူးလည်း နေပြည်တော်ကို ထွက်ပြေးသွားတယ်လို့ သိရတယ် ” ဟုဆိုသည်။

သံတွဲတွင် AA တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် မေလ ၁၂၊ ၁၃ ရက်နေ့က ပင်လယ်ဖက်မှ ဇက်နေဗီဖြင့် ငပလီသို့ စစ်ကူ ရောက်လာသည့် တပ်သားများဖြစ်ကြောင်း သိရသည်။

အဆိုပါရွှေလှေစစ်ကြောင်းကို ဦးဆောင်နေသည့် တပ်ရင်းမှူးမှာ ငပလီခြေစိုက် ခလရ( ၅၅ ) တပ်ရင်းမှ ခွန်မျိုးလွင်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းတပ်ရင်းမှူးသည် နေပြည်တော်သို့ သင်တန်းတက်ရန်ခေါ်ဆောင်ခြင်းခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စစ်ရေးကာလပြင်းထန်နေသည့်အချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

သံတွဲတိုက်ပွဲအတွင်း AAထိုးစစ်ကြောင့် စစ်ကောင်စီတပ်သား ၆၀ ကျော်ထက်မနည်းသေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

AA က ရေစင်ရွာနှင့် ၁၂ မိုင်ခန့်သာရှိသော သံတွဲ မြို့အနီးသို့ထိ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီ၏ တပ်ရင်းများ၊ နေဗီများမှ လက်နက်ကြီးဖြင့် အနီးအနားရှိရွာများသို့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။

ယမန်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အောက်နတ်မော်ရွာမှ ပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ