ပုဏ္ဏားကျွန်း၊ ယိုးငူရွာဈေး ဗုံးကြဲခံရမှု ကြောင့် ကလေးငယ်များအပါအဝင် ၁၇ ဦး သေဆုံး ( ရုပ်/သံ) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအတွင်းရှိ ဈေးတန်းကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ် ၂ နာရီ ၇ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြုလုပ်နေကြသည့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအပြင် ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများစွာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ #AB _News #17Killed #14Injured #RakhineState #Ponnagyun #Airstrike #YoNguVillage #CivilianCasualties #MyanmarMilitary #WarCrimes