Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၇၈နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ကမ်ပိန်းလုပ်ခဲ့ကြသည့် အမျိုးသမီး ၂၀ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

ABN-ရာဟု

ဇွန် ၁၉ ရက်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ၇၈နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းပန်ကမ်ပိန်းပြုလုပ်ခဲ့သည့်အမျိုးသမီး ၂၀ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်သားများက ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခါ်ဆောင်သွားသည်ဟု သိရသည်။

ကလေးမြို့ရှိ မြို့မစျေး ဗိုလ်ချုပ်လမ်းတွင် ပန်းပန်ကာ စျေးရောင်းနေကြသည့် လမ်းဘေးစျေးသည်များကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ကား ၄စီးဖြင့် လာရောက်ဖမ်းဆီးပြီး ရဲစခန်းသို့ခေါ်ယူသွားသည်ဟု သိရသည်။

ဒေါ်အောင်ဆန်စုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းထဲက မြို့နယ်များတွင် စကစကိုဆန့်ကျင်သပိတ်များ နညျမြျိုးစုံဖွငျ့ သပိုက်မှောက်ဆန္ဒပြနေရာတွင် ပန်းသပိတ်လည်းတစ်ခုအပါအဝင်ဖြစ်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူပြည်သူတစ်ဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းတို့အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် သပိတ်မျိုးစုံပြုလုပ်ကျင်းပနေကြပြီး ၊ PDF များနှင့် NUG တောင်ပိုင်းစစ်ဌာနချုပ်တွင်လည်း မွေးနေ့အထိမ်းအမှတ်ကျင်းပနေကြသလို အမေရိကန်အပါအဝင် တခြားနိုင်ငံများတွင် မြန်မာနိုင်ငံသားများက စုပေါင်းကာ ကျင်းပနေကြသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သားများက ယနေ့တွင် ၎င်းတို့ထိန်းချုပ် နေရာများကို လုံခြုံရေးများလည်းတိုးမြင့်ကာ စစ်ဆေးနေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး