Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၇၄ နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

၇၄ နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ABN-ရှိုးမိုး

ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် စိန်ကတု ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားများ နေရာအသီးသီးတွင်း ကျင်းပလျက်ရှိနေသည်ကိုတွေ့ရသည်။

ပအိုဝ်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီက သဝဏ်လွှာပို့ထားသည်ကိုလည်း တွေ့ရသည်။

သ၀ဏ်လွှာတွင် ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ (၇၄) နှစ်မြောက် အခါသမယတွင် ပအိုဝ်းတိုင်းရင်းသား တို့အပါအဝင် ပြည်သူတရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အခြေခံအုတ်မြစ်ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ တွဲလက် မြဲမြံစွာ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိသစ္စာပြုအပ်ပါသည်ဟု ဆိုထားသည်။

ဓာတ်ပုံ-FB

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ