Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၆၂ နှစ်မြောက် ကချင်တော်လှန်ရေးအခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ သဝဏ်လွှာ ပေးပို့

ABN- ကိုဟိန်းထွန်း

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျရောက်သည့် (၆၂)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သည်ကို တွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ကချင်တော်လှန်ရေးအစမှ ယနေ့အထိ တော်လှန်ရေးလမ်းကြောင်းတစ်လျှောက်တွင် အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသည့် ကချင်အာဇာနည်များ၊ သူရဲကောင်းအပေါင်းတို့အား ဦးညွတ်အလေးပြုအပ်ပါကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော်( KIO/KNA) မှချမှတ်ထားသည့် မှုဝါဒများနှင့် ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင်းတနေသော မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဆုတောင်းပေးထားသည်။

၆၂ နှစ်မြောက် ကချင်တော်လှန်ရေးအခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ သဝဏ်လွှာ ပေးပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်