Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၆၁ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် PSLF/TNLA မှအကျဉ်းသား ၂၃၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ ၆၀ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေး

၆၁ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် PSLF/TNLA မှအကျဉ်းသား ၂၃၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ ၆၀ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေး

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

 ၆၁ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် PSLF/TNLA မှအကျဉ်းသား ၂၃၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၆၀ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း သိရှိရသည်။

အဆိုပါ အကျဉ်းသား ၂၉၂ဦးအနက် ထောင်ဒဏ် ၁ လမှ ၅နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၂၃၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပေးခဲ့သည်။

ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့်အထဲတွင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံပန်းများပါဝင်ခဲ့သော်လည်း ယခု ၁ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်သုံပန်းများမပါဝင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်လာခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၂၉၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ