
ABN-မေအိအိအောင်
အီရန် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းနှင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းတို့ ယနေ့ ဧပြီ ၅ ရက်နေ့ ညနေ ၄ နာရီချိန်တွင် ခြေစစ်ပွဲ စတင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ပါရီ အိုလံပစ်ပြိုင်ပွဲအတွက် အီရန်နှင့် မြန်မာ တို့၏ အာရှဇုန် ခြေစစ်ပွဲကို ပထမအဆင့် အုပ်စု (ခ) ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ပွဲစဉ်နှစ်ခုဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအဆင့်ကို ယနေ့ ည ၄ နာရီတွင် စတင်ကစားမည်။
ပွဲစဉ်နှစ်ခုမှာ ဧပြီလ ၅ ရက်နေ့နှင့် ဧပြီလ ၈ ရက်နေ့ တွင် အသီးသီးကစားသွားမည်ဖြစ်ကြောင်းသိရသည်။
ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းမှာ အဖြူရောင်ကို ဝတ်ဆင်ပြီး အီရန်အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းမှာ အနီရောင်ကို ဝတ်ဆင်မည်ဖြစ်သည်။
အနှိုင်အရှုံးမှာ ပွဲစဉ်နှစ်ခု၏ ရလာဒ်ပေါ်တွင်အခြေခံပြီး အမှတ်အများဆုံးရသည့်အသင်းမှာ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲကို အာရှဇုန်အမျိုးသမီးဘောလုံးအသင်း ဒုတိယအဆင့်ကို တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
ပွဲစဉ်နှစ်ခုလုံး ရမှတ်တူလျှင် ဧပြီ ၈ ရက်နေ့ ၄ နာရီ ကစားချိန်တွင် အချိန်ပို ၃၀ မိနစ်ပေးပြီး ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်အရှုံး ရလာဒ်မပေါ်လျင် ပင်နယ်တီဖြင့် ဆက်လက် ကစားပြီး ဆုံးဖြတ်မည်ဟု သိရသည်။
မြန်မာအသင်းနှင့် ခြေစစ်ပွဲကစားမည့် အီရန်အမျိုးသမီး လက်ရွေးစင် အဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ရန်ကုန်သို့ရောက်ရှိခဲ့ပြီး မြန်မာ ဘောလုံးနည်းပြအဖွဲ့ချုပ် ဥက္ကဌပိုင် နိုဗိုတယ်ဟိုတယ် တွင် တည်းခိုကြောင်းသိရသည်။








