Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လျှောက်လွှာကို လာမည့် စက်တင်ဘာလ (၁)ရက်နေ့တွင် စတင်ရောင်းချမည်

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လျှောက်လွှာကို လာမည့် စက်တင်ဘာလ (၁)ရက်နေ့တွင် စတင်ရောင်းချမည်

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၃ရက်

၂၀၂၃ခုနစ် တက္ကသိုလ်ဝင်တန်းလျှောက်လွှာကို ၂၀၂၃ခုနစ် စက်တင်ဘာလ (၁)ရက်နေ့တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာ တစ်စောင်လျှင် (၂ဝဝ) နှင့် စာမေးပွဲ ဝင်ကြေးအတွက် (၇ဝဝ) ကျပ်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြား သတ်မှတ်ထားပါသည်။

စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများ နှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်းသိရှိရသည်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝ)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင် သည့်မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ (၂၉)ရက်နေ့ အတွင်း လျှောက်ထားရမည်ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ နှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝ)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး လျှောက်ထားနိုင်သည်။

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ