Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲဝင်ရန် မြန်မာအမျိုးသမီးယူ-၁၉ အသင်း အင်ဒိုနီးရှားသို့ထွက်ခွာ

ABN-မေအိအိအောင်

ဇူလိုင် ၃ ရက်

၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲဝင်ရန်အတွက် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ ဇူလိုင် ၃ ရက်နေ့ အစောပိုင်းက ထွက်ခွာသွားကြောင်းသိရသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ အစောပိုင်းတွင် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲဝင်ရန် အင်ဒိုနီးရှားသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင် ၅ ရက်မှ ၁၇ ရက်နေ့အထိ ၁၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို သွားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် အုပ်ချုပ်/နည်းပြ ၁၀ ဦး၊ ကစားသမား ၂၂ ဦး၊ စုစုပေါင်း ၃၂ ဦး လိုက်ပါသွားခဲ့ကြောင်းငိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) တွင် ကျရောက်နေပြီး ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဇူလိုင် ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ဇူလိုင် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းအပြင် ပြိုင်ပွဲကို အုပ်စု သုံးခု ခွဲထားပြီး အုပ်စု သုံးခုမှာ အုပ်စု ပထမရ ၃ သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ ၁ သင်း၊ စုစုပေါင်း ၄ သင်းမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းစနစ်အကြံပေးအဖြစ် Mr. Uki Tetsuro၊ နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြအဖြစ် ဒေါ်စန်းစန်းမော်၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေး၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဦးထွန်းဇော်တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ