Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ဦး သေဆုံး၊ ၃၄ဦးဒဏ်ရာရပြီး နေအိမ် ၁၆၀ နီးပါးပျက်စီး

၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ဦး သေဆုံး၊ ၃၄ဦးဒဏ်ရာရပြီး နေအိမ် ၁၆၀ နီးပါးပျက်စီး

ABN -ကိုဟိန်းထွန်း

မြန်မာနိုင်ငံ နေရာအနံ့အပြားတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ဦး သေဆုံး၊ ၃၄ဦးဒဏ်ရာရပြီး နေအိမ် ၁၆၀ နီးပါးပျက်စီး ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသန အစီရင်ခံစာအရသိရသည်။

သေဆုံးသူများမှာ စစ်ကိုင်း၊ ရှမ်း၊ ချင်း၊ ကရင်နီ၊ ကရင်၊ ကချင်၊ မကွေး နှင့် ပဲခူးတို့မှဖြစ်ပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ကလေးငယ် ၃ ဦးနှင့် ကျား/မ မသိရသည့် အရပ်သား ၁၉ တို့ဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် လေကြောင်းဖြင့်တိုက်ခိုက်မှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ၊KNU ၏မူတြော်ခရိုင်သို့ စတင်ဗုံးကြဲခဲ့ရာ အရပ်သား ၅ ဦးသေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ကချင်ပြည်နယ်၊ မိုးတားလေးရွာမှာ လူ ၇ ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၁ရက်နေ့တွင် လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည့်အတွက် မကွေးတိုင်း၊ ဗဟင်းဆေးရုံအနီးမှ အရပ်သား ၁ ဦး သေဆုံးသွားခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီ၏ ဂျက်လေယာဥ်ဖြင့် ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ရွှေဖောင်ရွာတွင် အရပ်သားများကိုဦးတည်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီမှ ကရင်ပြည်၊ ဘောလခဲရွာရှိ သစ်လုပ်ငန်းနေရာသို့ လေကြောင်းဖြင့်စီးနယ.င်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့သည်။

အလားတူ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို မတ်လ ၂၆ရက်နေ့ ၃ရက်တာအတွင်း စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်သို့ ထပ်မံဗုံးကြဲခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။

မတ်လ ၂၈ တွင် စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ဒေါရောက်ခူစစ်ရှောင်စခန်းအနီးတွင် ၁ ဦးသေဆုံးသွားခဲ့သည်။

၎င်းအပြင်စစ်ကောင်စီသည် မတ်လ ၃၀ ရက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာသို့ ဗုံးကြဲခဲ့ရာ ကလေးငယ် ၁၀ဦးသေဆုံးခဲ့ပြီး အလားတူတစ်ရက်တည်းတွင် ကရင်နီ ထီးဖိုးကလိုးရွာရှိ စာသင်ကျောင်းသို့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးသွားခဲ့သည်။

မတ်လ ၁၁ ရက်နေ့က စစ်တပ်၏လေကြောင်းမှ ဗုံးကြဲမှုကြောင့် ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် နေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှူံးခဲ့သည်။

မတ်လ ၂၀ ရက်တွင် ကရင်ပြည်၊ ခလယ်လွီထူခရိုင်သို့ ဗုံးကြဲခဲ့ရာ စာသင်ကျောင်း ၁ ဆောင်နှင့် လူနေအိမ် ၅ လုံးပျက်စီးခဲ့သည်။

အလားတူစစ်တပ်မှ လေကြောင်းမှပစ်ခေတ်၊ ရွာသို့ဝင်ရောက်မီးရှိူးခဲ့မှုကြောင့် ကချင်ပြည်၊ ရွှေကူ မံဝိန်းရွာ၌ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ စစ်ကောင်စီမှလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား၊ အမျိုးသမီး နှင့်ကလေးသူငယ်အပါအဝင် ၁၆၀ ကျော်သေဆုံးခဲ့သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ