Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်းရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်း ၅ခုအား သိမ်းနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ABN-နွယ်စိုး

အောက်တိုဘာ ၂၈ ရက်

အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမနေ့မှာTNLA ၏ တပ်မဟာ (၁) နှင့်တပ်မဟာ (၆) ဒေသတို့တွင် စစ်ကောင်စီတပ်စခန်း ၅ ခု အားသိမ်းနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ တပ်မဟာ (၁) ဒေသဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းများဖြစ်သော နမ့်ခမ်း-နမ့်ဖတ်ကာလမ်းပိုင်းက ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင်တပ်စခန်းနှင့် မန်မိုင်တပ်စခန်းများကို သိမ်းနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်းလို့လည်း ဖော်ပြထားသည်။

ယင်းအပြင် TNLA တပ်မဟာဒေသ (၆) ဖြစ်သည့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့နယ်ထဲမှ စစ်ကောင်စီတပ်၏ မိုင်းကျက်တပ်စခန်းနှင့် တိန်းတန်တပ်စခန်းများကိုလည်း လက်နက် ခဲယမ်းများနှင့်အတူ သိမ်းနိုင်ခဲ့သည်ဟု ဆိုထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်အပြင် ဟောင်ဝစ်ဇာအမြောက်နှင့် (၁၂) ကြိမ် တိုက်ခိုက်ခဲ့သည်ဟုညီနောင်မဟာမိတ် ၃ ဖွဲ့၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်သော TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အနေဖြင့် စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာခဲ့သည်။

ထိုကဲ့သို့ စစ်ဆင်းရေကြေညာပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း ၄ နာရီလောက်က စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့များမှ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်တည်း ဝင်တိုက်ခဲ့သည်။

TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်က ထိခိုက်ကျဆုံးမှုကို ဖော်ပြထားခြင်းမရှိပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ