Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံသိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံသိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

(စုစုပေါင်းတပ်စခန်း ၈၇ ကျော်ထိရှိလာပြီး ထိုးစစ်ဆင်ဖော်ဆောင်နေ)

AB News – နိုဝင်ဘာ ၂ ရက်

Operation 1027 စစ်ဆင်ရေး ၆ ​ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုထက်မက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတစ်ချို့ဖမ်းဆီးရမိကာ စုစုပေါင်း တပ်စခန်း ၈၇ ခုကျော်ထိ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီဟု နိုဝင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁ ရက်နေ့သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများဖြစ်သော ( ၁) ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ စစ်ကောင်စီ၏ မန်တုံပတပ်စခန်း၊ (၂) တအာင်းပြည်နယ်၊ တပ်မဟာ(၅) စစ်ဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ၏ “ရင်ကွဲတောင်တပ်စခန်း၊ ( ၃) တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြေပြင်ရှင်းလင်းရေးများ လုပ်ဆောင်နေချိန်တွင် ရန်သူ့စစ်သုံ့ပန်း (၃) ဦးဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း သိရသည်။

ထို့အပြင် တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အုမ္မခါးဘက်တွင် စစ်ကောင်စီဘက်မှ စစ်ကား (၂၂) စီးဖြင့် စစ်ကူများရောက်ရှိလာသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိရာ ၂ ဖက်တိုက်ပွဲပြင်းထန်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ နေ့လည် (၁:၀၀) ဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် (၁) ကြိမ်၊ ညနေ (၄:၅၇) အချိန်ခန့်တွင် (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဌာချုပ်အနီးရှိ AA တပ်စခန်းများမှ ဆက်တိုက်ပစ်ခတ်မှုများရှိခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့လုပ်ဆောင်ခြင်းများသည် ပိုမိုမြင့်တက်လာလျက်ရှိပြီး ပြည်သူများစိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းယူရာတွင် စစ်ကောင်စီ လက်အောက်ခံတပ်ရင်းအပါအဝင် တပ်သားအများအပြား အလင်းဝင်ရောက်လာနေခြင်း၊ တပ်မှထွက်ပြေးမှုများပြားလာခြင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းတွေ့ ရသည်။

လက်ရှိတွင် ကိုးကန့် MNDAA၊ တအောင်း TNLA၊ ရက္ခိုင့်တပ်တော် AA တို့သည် ၆ ရက်ကြာအတွင်း ရန်သူ့စခန်းပေါင်း ၈၇ ခုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး Operation 1027 စစ်ဆင်ရေးကိုလည်း ဆက်လက်ချီတက်သည်ကိုတွေ့ရ သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ