Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ထိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၂ဝ ကျော် အပါအဝင် စစ်ကား ၄ စီးသိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ထိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၂ဝ ကျော် အပါအဝင် စစ်ကား ၄ စီးသိမ်းပိုက်

AB News – နိုဝင်ဘာ ၅ ရက်

“Operation 1027 ” ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်အပါအဝင် စစ်ကား ၄ စီးတို့ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့ကထုတ်ပြန်သည်။

ယနေ့သိမ်းပိုက်ရရှိခဲ့သော ( ၁) မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ ရန်သူ့စစ်ကောင်စီ၏ တပ်စခန်း၊ ( ၂) တပ်မဟာ (၃) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ “မန်ဝင်တပ်စခန်း”၊ ( ၃) ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ၊ စစ်ကောင်စီတပ်စခန်း၊( ၄ )တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ ရန်သူစစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း

တို့ဖြစ်ကြသည်။

နိုဝင်ဘာလ (၅) ရက်နေ့၊ နံနက် (၅:၀၀) အချိန်ခန့်တွင် ရန်သူစစ်ကောင်စီ၏ စစ်ကား (၄) စီးသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကား (၄) စီးဖြင့် စစ်ကူလာရောက်စဥ် တအာင်းတပ်မတော် (TNLA) သည် တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးနှင့် သိန္နီကြား (၁၄ – ၁၅ မိုင်) ကြားရှိ နမ့်တွန်ကျေးရွာအနီးမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက် (၂) လက်၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကား (၄) စီး သိမ်းဆည်းရရှိခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်သည်။

ထို့အပြင် ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တို့သည် ၎င်းတို့၏ စစ်ဆင်ရေးပစ်မှတ်များဖြစ်သည့် ရန်သူ့တပ်စခန်းများအနက်မှ တချို့အား ထပ်မံချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသတွင်းတိုက်ပွဲများကြောင့် ရခိုင်ပြည်မြို့နယ် များတွင်လည်း စစ်ရေးလှုပ်ရှားလာမှု၊ အင်အားဖြည့်တင်လာမှုများကို ယခင်ထက် ပိုမိုလုပ်ဆောင်လာခြင်းတွေ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကအသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ