Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေး စတုတ္ထမြောက်နေ့တွင် စစ်ကောင်စီစခန်း ၄ ခု သိမ်းပိုက်ရရှိ ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး စတုတ္ထမြောက်နေ့တွင် စစ်ကောင်စီစခန်း ၄ ခု သိမ်းပိုက်ရရှိ ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

( နှစ်ဖက်တိုက်ပွဲများအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ )

AB News – ဟိန်းထွန်း

အောက်တိုဘာ ၃၀ ရက်

၁၀၂၇ စစ်ဆင်ရေး စတုတ္ထမြောက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီစခန်း ၄ ခုအား သိမ်းပိုက်ရရှိထားသည့်အပြင် နှစ်ဖက်တိုက်ပွဲများ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ညနေ ၄ နာရီ ၅ မိနစ်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ဖောင်းဆိုင်ဖက်၌ရှိသည့် စစ်ကောင်စီ တပ်စခန်း ၄ ခုအား ညီနောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်ထားပြီး ထိုးစစ်နှင့် စစ်ဆင်ရေးများအား တစိုက်မတ်မတ် ချီတက်နေကြောင်း သိရသည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ကျဆုံးမှု များပြားနေပြီး ညီနောင်မဟာမိတ်အဖွဲ့က လက်နက်ခဲယမ်းတစ်ချို့ သိမ်းရထားသည် ဟု သိရသည်။

တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်ကျက်”တပ်စခန်းအား အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၄:၁၅) မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကွမ်လုံမြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်တင်လျက် ရှိကြောင်း ကိုးကန့် MNDAA ၊ တအောင်း TNLA ၊ ရက္ခိုင့်တပ်တော် AA တို့ပူးပေါင်းပြီး ထုတ်ပြန်ထားသည်။

ထိုးစစ်ဆင်တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံးကိုးမြို့၊ မန်ယန်၊ ပန်ဆိုင်း တလျှောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးသတင်းများနှင့် သိမ်းပိုက်ရရှိထားသောစခန်းများကို အသေးစိတ် အချက်အလက်များရရှိပြီးပါက ဆက်လက်တင်ပေးသွားပါမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ဆိုသည်။

ယနေ့တွင်လည်း ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ နှစ် ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ