Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေးအတွင်း BPLA အဖွဲ့မှ ရဲဘော် ၄ ဦးကျဆုံးကြောင်း ထုတ်ပြန်

Arakan Bay News-နိုဝင်ဘာ ၁ ရက်

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင် တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အဖွဲ့မှ ရဲဘော် ၄ ဦး အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ပွဲအတွင်း ကျဆုံးသွားကြောင်း BPLA ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရဲဘော် ၄ ဦးမှာ ရှမ်းပြည် မြောက်ပိုင်း တနေရာတွင် အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်ရင်း ခမရ ၁၃ နဲ့ တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အလောင်း ၄၀ ကို ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါရှိသည်။

ကျဆုံးခဲ့ရသော ရဲဘော်များမှာ တပ်စိတ်မှူး ဌေးကျော်(ခ)ဗျတ္တ(ကပအမ- BA 00599)၊ တပ်စိတ်မှူး ချစ်စမ်းမောင် (ခ)သောကြာ(ကပအမ-BA 00667)၊ ဒုစိတ်မှူး အောင်ပိုင် (ခ)ဇွဲမာန်(ကပအမ-BA 00672) နှင့် ရဲဘော်မင်းကိုနိုင် (ခ)တောဗိုလ်(ကပအမ- BA 00661)တို့ဖြစ်ကြပြီး အဆိုပါရဲဘော်(၄)ဦးစလုံးမှာ ဒီပဲယင်းဒေသခံများဖြစ်ကြသည်။

ကျဆုံးသွားသည့် ရဲဘော်များအား စစ်ရေး အခမ်းအနားဖြင့် BPLA ကွက်ကဲရေးရုံးတွင် သင်္ဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၀၂၇ စစ်ဆင်ရေးမှာ ၆ ရက်မြောက်နေ့ဖြစ်ပြီး ညီနောင်မဟာမိတ် အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်