သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီ လေးမျက်နှာတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၈၀ ကျော်သေဆုံး

AB News- ဇူလိုင် ၂၈၊ ၂၀၂၅
ဒေဝီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုရွာနှင့် လယ်တံငယ်ရွာအနီးတွင် AA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်သား ၈၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် AA ပူးပေါင်းတပ်များက လူအင်အား ၂၀ ခန့်ဖြင့် အရောင်ပြတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

AA ပူးပေါင်းတပ်များက ပြန်လည်ပိတ်ဆို့တိုက်ခိုက်လိုက်သောကြောင့် စစ်ကောင်စီတပ်သား ၈၀ ခန့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

လယ်တံငယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်မ ၆၆ ကျုံပျော်တပ်မှ ထုတ်နုတ်အင်အားများအပါအဝင် တပ်သုံးခုပေါင်း အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲနေရာသို့ လေကြောင်းကူ ဗုံးကြဲချပေးခဲ့သော်လည်း AA ပူးပေါင်းတပ်ဘက်က အသာစီးရခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ၎င်းတို့၏ အမြောက်တပ် ၃၄၄ မှနေ၍ လယ်တံငယ်၊ ထစောပြာ၊ လှော်ကထား၊ ကျားကိုက်ရွာများဘက်သို့လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့သည်။

ရင်ဆယ်ရွာအနီးရှိ ၎င်းတို့၏ စခန်းသို့ အင်အား ၄၀၀ နီးပါး စစ်ကူပို့ဆောင်ကာ စုဖွဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ