
ABN-မေအိအိအောင်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းကျေးရွာအနီး စက်လှေဖြင့် လာသော မူဆလင် ၇၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား နိုင်ငံသားမှတ်ပုံတင် အက်ဥပဒေ ဖြင့်အမူဖွင့် အရေးယူထားကြောင်းသိရသည်။
ဖမ်းဆီးခံရသူ မူဆလင်များမှာ ရခိုင်ပြည်၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေတို့မှ ဒုက္ခသည်များဖြစ်ကြပြီး အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၁၂ ဦးတို့ဖြစ်ပြီး အသက်မပြည့်သူအချို့လည်း ပါဝင်သည် ဟုသိရသည်။
၎င်းတို့ကို ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ငရုတ်ကောင်းကျေးရွာအနီး ပင်လယ်ပြင်တွင်ဖမ်းဆီးရခဲ့ပြီး ထိုသူတို့ကို နိုင်ငံသားမှတ်ပုံတင် အက်ဥပဒေဖြင့် ဧပြီ ၂၁ ရက်နေ့တွင် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။
ယင်းမူဆလင်များမှာ စားဝတ်နေရေးအခက်အခဲများကြောင့် မလေးရှားသို့ သွားရန် လာကြောင်းသိရသည်။
ထို့အပြင် မူဆလင်များအား တင်ယူခေါ်ဆောင်လာသော မြန်မာနိုင်ငံသား ၇ ဦးကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၁ ရက်နေ့ကလည်း ဟင်္သာတမြို့နယ် ၊ လယ်တီကွင်း စစ်ဆေးရေးဂိတ်တွင်လည်း မူဆလင် ၃၉ ဦးဖမ်းဆီးခံရသည်။