Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အွန်လိုင်းငွေလိမ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများဆုံးလုပ်နေခြင်းဖြစ်ဟု စကစဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်း ပြော

အွန်လိုင်းငွေလိမ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများဆုံးလုပ်နေခြင်းဖြစ်ဟု စကစဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်း ပြော

( တရုတ်မီဒီယာနဲ့ အင်တာဗျူးတွင် ပြောဆိုခဲ့ခြင်းဖြစ်)

AB News – နိုဝင်ဘာ ၁ ရက်

အွန်လိုင်းငွေလိမ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ အများဆုံးလုပ်ကိုင်နေခြင်းဖြစ်ဟု တရုတ်မီဒီယာ Phoenix News Media မှ အောက်တိုဘာလ ၂၃ ရက်နေ့က အင်တာဗျူးတွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့ကြောင်း တွေ့ရသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ဝ နှင့် မိုင်းလားတို့တွင် အများဆုံးရှိနေပြီး ၎င်းထဲတွင် မြန်မာစစ်တပ်ဖက်မှ တစ်ဦးမှမပါဝင်ကြောင်း ပြောင်ပြောင်တင်းတင်းလိမ်လည်ထားကြောင်း တွေ့ရသည်။

ယခုလုပ်ရပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် မြန်မာစစ်တပ်တို့ ပါဝင်သလားဟု Phoenix News Media မှ မေမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

“ဝနဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ ၀နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်ကဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေး ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်းမပြုတာ ဖြစ်ပါတယ်။ ခင်ဗျား အနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား” ဟု ပြောဆိုထားကြောင်း တွေ့ရသည်။

အွန်လိုင်းလိမ်လည်မှုတွင် စစ်ကောင်စီဖက်မှအရာရှိများ၊ စစ်ဖက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသည့် တရုတ်လူမျိုးသည် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ကို ဒေသတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများသို့ အပြစ်ပုံချကြောင်း တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အွန်လိုင်းလောင်းကစားပြုလုပ်နေသည့် သူများကို အွန်လိုင်းကသာ အရေးယူမှုတစ်ချို့ပြုလုပ်နိုင်ခဲ့ပြီး ၎င်းတို့ထိန်းချုပ်ရာ နေမြေတွင်း မြေပြင်ကွင်းဆင်းဖမ်းဆီးရမိသူများမှာလည်း တရုတ်လူမျိုး အများဆုံးပါရှိကြောင်း တွေ့ရသည်။

ထိုကိစ္စကိုဖြေရှင်းရန်အတွက် တရုတ်နိုင်ငံအစိုးရအား အကူအညီတောင်းထားပြီး ယခုနှစ်အကုန်အတွင်း ချေမှုန်းသွားမည်ဖြစ်ကြောင်း စကစဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောထားသည်။

မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွဲနေသည်မှာ ၇ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယခုလိုတိုက်ပွဲ ဝင်နေသည့်အတွက် ​စစ်ကောင်စီကျောထောက်နောက်ခံ ငွေလိမ်ဂိုဏ်းများထွက်ပြေးနေရပြီး ၊ ဖမ်းဆီးရမိခဲ့သည့်သူများလည်း ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ