Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အွန်လိုင်းဂိမ်းလိမ်လည်ရာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရန် Operation ( ၁၀၂၇) စစ်ဆင်ရေးကိုစတင်တော့မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

အွန်လိုင်းဂိမ်းလိမ်လည်ရာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရန် Operation ( ၁၀၂၇) စစ်ဆင်ရေးကိုစတင်တော့မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

အွန်လိုင်းဂိမ်းလိမ်လည်ရာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရန် Operation ( ၁၀၂၇) စစ်ဆင်ရေးကိုစတင်တော့မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် ( MNTJP/MNDAA)၊ တအောင်း၊ ( PSLF/TNLA )နှင့် (ULA/AA) တို့ ယနေ့တွင်ပူးတွဲထုတ်ပြန်လိုက်သည်။

မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ညီနောင်မဟာမိတ် အဖွဲ့အစည်း (၃) ဖွဲ့သည် ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ တစ်ယောက်ကိုတစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များဖြစ်ကြသည့်အပြင် တစ်ဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲ့က လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးဖေးမကူညီခဲ့ကြသည်။

ထို့အပြင် “တစ်ဖွဲ့၏ပြဿနာသည် သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိ​နေသည်ဟု ထုတ်ပြန်ချက်တွင်တွေ့ရှိရသည်။

ကိုးကန့် ( MNTJP/MNDAA)၊ တအောင်း၊ ( PSLF/TNLA )နှင့် (ULA/AA) သုံးဖွဲ့သည် မြန်မာနိုင်ငံရှိမည်သည့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့်မတူညီသော နိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုများကို စည်းစည်းလုံးလုံးတိုက်ပွဲဝင်ခဲ့ကာ မယိမ်းမယိုင်သောခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်နေဆဲ ဖြစ်သည့်အပြင် အနာဂတ်တွင်လည်း ဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Online Game လောင်းကစားသည် ပြည်ပတွင်သာမက ပြည်တွင်း၌လည်း နေ့တိုင်းလိုလိုကစားလာနေခြင်းဖြစ်ပြီး ထိုကိစ္စများကို ထိရောက်စွာတားဆီးနှိမ်နှင်းရန် စစ်ဆင်ရေး စတင်တော့မည်ဟု ကြေငြာထားသည်။

Online Game လုပ်ငန်းများတွင် အလုပ်သမားများအား လုပ်သားများအခွင့်အရေးမရသည့်အပြင် ညှင်းပမ်းနှိပ်စက်မှု၊ အကောင်ဖျောက်လူသတ်မှုများပါ ကျူးလွန်မှုများ ရှိနေကြောင်း သတင်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ