Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄နာရီအတွင်း မိုးသက်လေပြင်းကျနိုင်ကြောင်း မိုးဇလထုတ်ပြန်

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄နာရီအတွင်း မိုးသက်လေပြင်းကျနိုင်ကြောင်း မိုးဇလထုတ်ပြန်

ABN-ဟိန်းထွန်း

စက်တင်ဘာ ၁၄ ရက်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသောလေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဆင့်သို့ရောက်ရှိသွားသည့်အတွက် နောက် ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် ဆက်လက်တည်ရှိနေ​ကြောင်း မိုး/ဇလကပြောထားသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသက်လေပြင်းကျရောက်ချိန် ၁ နာရီလျှင် ၃၅ မိုင်မှ ၄၀ အထိ ရှိနေပြီး ရေအမြင့်ပေ ၈ပေ မှ ၁၀ ပေအထိရှိနိုင်ကြောင်း ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ပြီးနောက် အနောက်တောက်မုတ်သုံလေ စတင်ထွက်တော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်ကိုတွေ့ ရသည်။

မုတ်သုံလေသည် စက်တင်ဘာလနှင့် အောက်တိုဘာလမဆန်းခင် ဆုတ်ခွာမည်ဆိုလျှင် ပုံမှန်ထက် တစ်ပတ်၊ဆယ်ရက်ခန့်စောနိုင်ကြောင်း၊ မိုးလွန်ကာလရက်ပိုရှည်နိုင်သည့်အတွက် စက်တင်ဘာလနှင့် နိုဝင်ဘာလကုန်ထိ မိုးလွန်ကာလမိုးများ အရှေ့ဘက်မှဝင်လာသည့် လေပွလှိုင်းများ၊ မုန်​တိုင်းအကြွင်းအကျန်များကြောင့် စပါးဖျက်မိုးများဖြစ်လာနိုင်သည့်အတွက် ဒေသခံတောင်သူများသတိထားကြစေရန် ၎င်းမှ သတိပေးထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ