Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အားကောင်းသောလေဖိအားနည်းရပ်ဝန်း နောက်ထပ် ၁၂ရီအတွင်း မုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ပြီး တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့်တိုက်ခတ်နိုင်

အားကောင်းသောလေဖိအားနည်းရပ်ဝန်း နောက်ထပ် ၁၂ရီအတွင်း မုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ပြီး တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့်တိုက်ခတ်နိုင်

ABN-ဟိန်းထွန်း

ဇူလိုင် ၂၆ ရက်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ ရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာနိုင်ပြီး တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့်တိုက်ခတ်နိုင်ကြောင်း မိုး/ဇလမှထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းလွန်-ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်းဖော်ပြထားသည်။

အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်( Depression )အဆင့်သို့ရောက်ရှိလာနိုင်ပြီး အနောက် မြောက်ဘက်သို့ ဖြေးညှင်းစွာရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက် ပိုင်း-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ဘမိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါကြောင်း သ်ိရသည်။

၅နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ဒေါ့ဆူရီ”(Doksuri)သည် အနောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

ရခိုင်တွင် ပြီးခဲ့သည့်ညကစ၍ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေတိုက်နှုန်းအနည်းငယ်ပါရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ