သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်မှ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား(ဓာတ်ပုံသတင်း)

AB News – ဖေ‌ဖော်ဝါရီ ၂၁၊ ၂၀၂၆
စကြာ

အာရက္ခပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ချင်းလူမျိုးတို့၏ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အာရက္ခဒေသအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ချင်းအမျိုးသားများက ဆိုသည်။

အာရက္ခပြည်အတွင်း ချင်းလူမျိုးများ နေထိုင်သည့် မြို့နယ်အများစုတွင် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ သို့သော်လည်း စစ်ကော်မရှင်တပ်မှ ပွဲလမ်းသဘင်များနှင့် လူစုလူဝေး ပြုလုပ်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် မြို့ပေါ်တွင် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ လုံခြုံသည့် နေရာများတွင်သာ ကျင်းပခဲ့ရသည်။

၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ULA/AA မှ တာဝန်ရှိသူများ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ချင်းအမျိုးသားအလံကို ဦးစွာ အလေးပြုချီတက်ခြင်း၊ ချင်းလူမျိုးများ၏ ရိုးရာအကဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဂီတဆိုင်ရာများကို တီးခတ်ပြသခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များအား ပြသခြင်းနှင့် ကြွရောက် ဧည့်သည်များအား ထမင်း တည်ခင်းကျွေးမွေးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ