Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းရန် မတရားဖမ်းဆီးခံထားရသည့် ကလေးများအပါအဝင် တအာင်းလူမျိုး ၁၂၇ဦးကို ကယ်ထုတ်ခဲ့ကြောင်း TNLA ထုတ်ပြန်

ABN-ရာဟု

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်မှုထမ်းရန်အတွက် အဓမ္မ မတရားဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် တအာင်းလူမျိုး ၁၂၇ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၆ရက်နေ့က ထုတ်ပြန်ထားသည်။

TNLA တပ်မဟာ ၇တပ်ဖွဲ့မှ စစ်သား ၅၀၀ကျော်အသုံးပြုကာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းကာ ပြည်သူများကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တအာင်း အမျိုးသား ၁၁၂ဦး အမျိုးသမီး ၁၅ဦး စုစုပေါင်း ၁၂၇ဦး အနက် ၁၀၇ဦးမှာ အသက် ၁၈နှစ် မှ ၆၅နှစ်အရွယ် များဖြစ်ပြီး ကျန် ၂၀ဦးမှာ အရွယ်မရောက်သေးသည့် ၈နှစ် မှ ၁၇နှစ်အရွယ် လူငယ်များဖြစ်ကြောင်းသိရှိရသည်။

ဂျာယန်ပြည်သူ့စစ်စခန်းအား TNLA မှ ဝင်ရောက်စီးနင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးအလုံး ၃၀ထက်မနည်း ဂျာယန်ပြည်သူ့စစ်အားစစ်ကူတိုက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လားရှိုးခရိုင်နှင့် မိုင်းယော်ဒေသရှိ တအာင်းလူမျိုးများသည် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့်အသက်မွေးမြူခွင့်မရရှိဘဲ လက်နက်ကိုင်အဖွဲအစည်းများ၏ အဓမ္မနည်းပေါင်းစုံဖြင့် ဖိနှိပ်မှုအောက်တွင် အသက်နှင့်ဘဝကို ပေးကာ မတရားစစ်မှုထမ်းဆောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုစစ်ကောင်စီတပ်လက်အောက်ခံ ဂျာယန် ပြည်သူ့စစ်အဖွဲ့စခန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၊ ဂျာယန် ကျေးရွာတွင် ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ