Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူ့တပ်ဖွဲ့များကို လက်နက်များတပ်ဆင်ပေးနေ

ABN-နွယ်စိုး

စက်တင်ဘာ၂၂ ရက်

အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင်ပေးခြင်းများ၊စစ်ဝတ်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည် ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ရက်နေ့တို့တွင် စစ်ကောင်စီတပ်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့မှာရှိသည့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးခြင်းနှင့် စစ်ဝတ်ပစ္စည်းများအပါအဝင် စားသောက်ဖွယ်ရာ ထောက်ပံ့ပေးခြင်းအခမ်းအနား ပြုလုပ်ပွဲကျင်းပခဲ့သည် ဟုသိရသည်။

လက်ရှိမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးသော နေရာသည် KNU အပြင််PDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားနေသာ နေရာဖြစ်သည။

အဆိုပါအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံးကြည်းမှ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟု သိရသည်

အာဏာသိမ်း စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့တိုက်ပွဲနှင့်ရင်ဆိုင်နေရပြီး ရှေ့တန်းတွင် စစ်သားများ သေဆုံးမှုများပြားခြင်း၊ တပ်ပြေးများ များပြားလာခြင်းများကြောင့် ယခုလို ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးလာခြင်းဖြစ်ကြောင်း စစ်ရေး နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ