Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါအဖွဲ့များကို အရေးယူသွားမည်ဟု NUG ကြေညာ

အာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါအဖွဲ့များကို အရေးယူသွားမည်ဟု NUG ကြေညာ

ABN-ရှိုင်းမိုး

NUG အနေဖြင့် ပြည်သူလူထုကလွှဲအပ်ထားသောအုပ်ချုပ်ရေးအာဏာကိုကျင့်သုံးနေသည့် တရားဝင် အစိုးရတရပ်ဖြစ်သည်နှင့်အညီ တရားမဝင်သော အကြမ်းဖက်စစ်အုပ်စု၏ လက်‌အောက်ခံအဖွဲ့အစည်းများ၊ အလိုတူလိုပါ အဖွဲ့စည်းများ၊ အားပေးအားမြှောက်ပြုလုပ်သည့် အဖွဲ့အစည်းများအားလုံးကို အစိုးရနည်းနာဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် တာဝန်ရှိသောကြောင့် ထိုတာဝန်ကို ပြည်သူလူထုဆန္ဒအရ ‌‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်သော ရွေးကောက်ပွဲသည် တရားဝင်မှုမရှိဘဲ၊ အလိုအလျှောက်ပျက်ပြယ်ပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းတာဝန်ပေးအပ်သော ရွေးကောက်ပွဲကော်မရှင်သည်လည်း အကြမ်းဖက်လက်အောက်ခံ အဖွဲ့အစည်းသို့ကျရောက်လျှက်ရှိကြောင်းထုတ်ပြန်ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်၍ အတင်းအကြပ်ပြုလုပ်ပါက ယခုတရားမဝင်ရွေးကောက်ပွဲမှ တဆင့်ပေါ်က်ပေါက်လာမည့် ပြဿနာများ လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များသည်လည်း ပြည်သူလူထု အမှန်တကယ် ကိုယ်စားပြုသော ကိုယ်စားလှယ်များ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့များဖြစ်မလာဘဲ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များသာဖြစ်လာမည်ဟု ဆိုထားသည်။

၂၀၂၁ ဇွန်လ ၇ရက်နေ့မှစ၍ စစ်ကောင်စီနှင့်ဆက်စပ်သော အဖွဲ့စည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG က ထပ်ဆင့်သတ်မှတ်ထားသည်။

နွေဦးတော်လှန်ရေး ၂ကျော်ကာလအတွင်း စစ်ကောင်စီမှ ကလေး၊ လူကြီးနှင့် မသန်စွမ်းသူများအပါဝင် ပြည်သူ ၃၁၂၄ဦးကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာလည်း ၆၄ ခုထိရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ