Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီကို ဖားကန့်​နေပြည်သူများဆန္ဒပြ

အာဏာသိမ်းစစ်ကောင်စီကို ဖားကန့်​နေပြည်သူများဆန္ဒပြ

ABN-ရာဟု

အာဏာသိမ်းစစ်ကောင်စီကို ကချင်ပြည်နယ် ဖားကန့်ဒေသခံတိုင်ရင်းသားပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ယနေ့ဧပြီလ ၁၂ရက်နေ့ ဖားကန့်မြို့တစ်နေရာတွင် ဒေသခံပြည်သူများစုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကာ “လူထုတိုက်ပွဲအရှိန်မြင့်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ” စသည့်စာသားများကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို မြန်မာနိုင်ငံတဝန်းတွင် နေစဥ်ရက်ဆက်ဆိုသလို ဆန္ဒပြမှုများ ရှိနေပြီး တဖက်တွင်လည်း ပြည်တွင်း PDF လက်နက်ကိုင်အဖွဲ့ကလည်း နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။

ဧပြီ၁၁ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာများနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း စက်သေနတ်များဖြင့် ပစ်ခတ်မှုကြောင်း အပြစ်မဲ့ပြည်သူအစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ