သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများကို အရေးယူမှုများ ပြုလုပ်ပေးရန် ရက္ခိုင်မှ လူငယ်အစည်းအရုံး ၂ ဖွဲ့ တိုက်တွန်း

AB News – မတ် ၄၊ ၂၀၂၆

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများကို အရေးယူမှုများပြုလုပ်ပေးရန် ရက္ခိုင်မှ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA)နှင့် မင်းပြားလူငယ်များအစည်းအရုံး(MBYA) တို့ တိုက်တွန်းလိုက်သည်။

ယမန့်နေ့က အမျိုးသမီးများအပေါ် နှုတ်အမှုအရာဖြင့် စော်ကားပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခု ဖေ့ဘုတ်စ် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံနှံလာပြီးနောက် အဆိုပါထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းရုပ်သံဖိုင်တွင် ရက္ခိုင်ပြည်မှ အဆိုတော်တစ်ဦးဖြစ်သူ တနင်္ဂနွေအပါဝင် လူငယ်လေးဦးက ”ရက္ခိုင်မလေးတွေက ချစ်ဖို့လည်းကောင်းသလို၊ စားဖို့လည်းကောင်းတယ်။ အဲ့မှာတစ်ကွက်” ဆိုပြီး အုပ်စုဖွဲ့ ပြောဆိုထားကြခြင်းဖြစ်သည်။

ရက္ခိုင်ပြည်မှ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA) က ”ယင်းဖြစ်စဥ်နှင့် ပတ်သတ်၍ မိမိတို့ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA) အနေဖြင့် လုံးဝကန့်ကွက်ရှုံ့ချပြီး ရက္ခိုင်အမျိုးသမီးများအတွက်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော အမျိုးသမီးများကိုယ်စား ဤလုပ်ရပ်အပေါ် ထိုက်သင့်သည့် အရေးယူမှုများပြုလုပ်ပေးရန် တိုက်တွန်းလိုပါသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အလားတူ မင်းပြားလူငယ်များအစည်းအရုံး(MBYA) က ”အထက်ပါ ကိစ္စရပ်နှင့်ပတ်သတ်ပြီး မိမိတို့ မင်းပြားလူငယ်များအစည်းအရုံး( MBYA) အနေဖြင့် နောက်ထပ် ယခုကိစ္စနှင့် ဆင်တူသောကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သတ်၍ ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံမှ အကြမ်းဖက်မှုများကို နည်းနိုင်သမျှနည်းပြီး ပပျောက်စေရန်အတွက် ထိုက်သင့်သော အရေးယူမှုများ လုပ်ဆောင်ပေးပါရန် တာဝန်ရှိပုဂ္ဂိုလ်များကို တိုက်တွန်းအပ်ပါသည်” ဟု ဆိုထားသည်။

ဆက်လက်ပြီး MBYA က ယခုဖြစ်စဥ်ကို ထိထိရောက်ရောက် မလုပ်ဆောင်ပါက ရက္ခိုင်ဒေသသည် အမျိုးသမီးများအပေါ် ဖိနှိပ်ပြီး ဖိုဝါဒကြီးစိုးသော ဒေသဖြစ်နိုင်ကြောင်း အထောက်အထားတစ်ရပ် ဖြစ်လာနိုင်ကြောင်းလည်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်