သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်း-ပဒါန်းကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့်နှင့် စစ်ကောင်စီရိက္ခာကား ၃စီးပါစစ်ကြောင်းကို PRA မှ ခြုံခိုတိုက်ခိိုက်

AB News – ဒီဇင်ဘာ ၇ ၊ ၂၀၂၄

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းမပေါ်မှ(စွန်တက်ရွာနှင့် လင်းတဲရွာကြား၌ စစ်ကောင်စီတပ်သား ၅၀ ခန့်နှင့် စစ်ကောင်စီရိက္ခာကား ၃ စီးပါစစ်​ကြောင်းကို PRA မှခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် အမ်း-ပဒါန်းလမ်းမပေါ်၌ စစ်ကောင်စီတပ်သား ၅၀ ခန့်နှင့် ရိက္ခါကား ၃ စီးပါသော ရန်သူ့စစ်​ကြောင်းကို PRA Mgway မှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုကဲ့သို့ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၉ ဦးကျော်သေဆုံးခဲ့ပြီး ၊ ရိက္ခာကား ၂ စီးမှာလည်း အထိနာပျက်စီးသွားခဲ့ရကြောင်း ဆိုသည်။

ထုတ်ပြန်ချက်တွင် “ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ၂၃ ရက်နေ့  ငဖဲမြို့နယ်၊ ဘုံးဘောရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၉၀) ပါ စစ်ကောင်စီ စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။”

“တိုက်ပွဲကြာချိန် (၅) နာရီခန့်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီဘက်မှ  လက်နက်ကြီး၊ လက်နက်ငယ်ပစ်အားအသာစီးဖြင့် ဆက်လက်တိုးလာသောကြောင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ခေတ္တ ဆုတ်ခွာခဲ့ရပါသည်။ တိုက်ပွဲတွင် ရန်သူ့ဘက်မှ (၁၄) ဦးခန့်သေဆုံးခဲ့ပြီး အမြောက်အများထိခိုက်ခဲ့ပါသည်။ မိမိတို့ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ)  ရရှိခဲ့ပါသည်။ ” 

 စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ်ပြေးများအားလည်း PRA-Magway မှ ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ထိတွေ့တိုက်ပွဲများလည်း  အခါမလပ် ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၅၀​ ကျော်ကိုချေမှုန်းနိုင်ခဲ့​ပြီး လက်နက်ငယ် ၈ လက် ၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PRA Magway ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း ပဒါန်းအခြေစိုက် အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ ထဲမှထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီဖောကား ၂ စီးကို ပဒါန်း – အမ်းလမ်းပိုင်း စပ်ဇီရွာအထက် မီတာ ၂၀၀၀ ခန့်အကွာတွင် PRA Magway မှ ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် ကပစ ၁၄ မှ ဗိိုလ်ကြီးမျိုးကျော်သူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ