

AB News-ဒီဇင်ဘာ ၂၀၊ ၂၀၂၄
ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရထားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက AB News သို့ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိထားပြီး ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ဦးခိုင်သုခက ပြောသည်။
“ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ကျနော်တို့ အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ နပခရဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ဖမ်းဆီးရရှိထားပြီးဖြစ်ပါတယ်။ တချို့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပဲ လိုက်လံ ချေမှုန်း ဖမ်းဆီးလျက်ရှိပါတယ်” ပြောသည်။