သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ ကလေးငယ်တစ်ဦး သေဆုံး

AB News ဇန်နဝါရီ ၂၀၊ ၂၀၂၆
LOKI

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ အောက်ရွာ (ဆီဆိုင်ကုန်း)ကျေးရွာတွင် စစ်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲရာ ‌‌အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ရက် ညနေ့ပိုင်း ၄ နာရီခွဲအချိန်တွင် အောက်ရွာအနီးရှိ ငှက်ပျောခင်းတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ၈နှစ် အရွယ် မောင်မင်းထက်သာ ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ ရွာအနီးရှိ ငှက်ပျောခင်းသို့ ငှက်ပျောသီးခူးရန် ဗုံးသီးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသံကြားပြီးနောက် ဒေသခံများ သွားရောက်ကြည့်ရှုရာ ဗုံးစထိမှန်သည့် ဒဏ်ရာများနှင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(ULA/AA)က မိုင်း‌ဘေးအန္တရာယ်ဆိုင်ရာ အသိပေးဟောပြောမှုများ၊ စစ်ကျန်လက်နက်အကျိုးဆက်များနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိုင်းသတိပေးဆိုင်ဘုတ်များ စိုက်ထူးထားပြီး မိုင်းအန္တရာယ်နှင့် စစ်ကျန်လက်နက် သတိပေးတားမြစ်မှုများ လုပ်ဆောင်ထားပြီး ပြည်သူလူထုများအား ပိုမိုလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ