Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ကျပေါက်ကွဲ၍ ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းဟောင်း ပျက်စီး

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ယမန်နေ့ ဧပြီလ ၁၅ရက်၊ ည ၁၀ နာရီခန့်အချိန်တွင်  ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းဟောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

မနေ့က ညအချိန်မှာ ဘုန်ကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲတာပါ။ ကျောင်းခေါင်မိုးတွေနဲ့ အခြားပစ္စည်းတွေ ပျက်စီးသွားပါတယ်။ ဟု

ဒေသခံတစ်ဦးကဆိုသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဒေသချုပ်အနီးထိ အာရက္ခတပ်တော်က ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့မှ စ၍  ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။

အမ်းမြို့ နပခလက်အောက်ခံတွင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E တပ်)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E တပ်)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်​ကောင်စီ၏ တပ်များအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီ​ဖြစ်ကြောင်း လည်း ဒေသခံများက ဆိုကြသည်။

ထို့အပြင် အမ်းတွင် တိုက်ပွဲများဖြစ်လာပြီးနောက် စစ်ကောင်စီသည် မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် မြို့ခံများမှာ ဆန်နှင့် ဆေးဝါးများ ပြတ်တောက်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ