သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် နပခ တစ်ခုသာကျန်

AB News-ဒီဇင်ဘာ ၇၊ ၂၀၂၄

ရက္ခိုင်ပြည် အမ်းမြို့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုသာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော်က ယမန်နေ့ညက ထုတ်ပြန်လိုက်သည်။

အမ်းမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ ကာကင်းစခန်းကြီး/ငယ် များအားလုံးနှင့် လေဆိပ်များအပြင် အမ်းမြို့ဟောင်း၊ မြို့သစ်များကိုလည်း အလုံးစုံသိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် “နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုမှလွဲ၍ မိမိတိုထပ်မံသိမ်းပိုက်ရရှိထားသောအဆိုပါစခန်းများမှာ –
(၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၅) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ
(၆) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၇) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၈) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၉) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း
(၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင်
(၁၁) အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများ စသည်တို ဖြစ်ကြသည်။” ဟု ဖော်ပြပါရှိသည်။

ထို့အပြင် စစ်ကောင်စီဖက်မှ စစ်ကူလာသည့် စစ်ကြောင်းများကိုလည်း အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ထုတ်နိုင်ခဲ့၍ စစ်သုံ့ပန်း အသေ၊ အရှင် ၁၃၀ ဖမ်းဆီးရမိကြောင်း ရုပ်သံဖြင့် ထုတ်ပြန်ပါရှိသည်။

“အမ်းမြိုသို စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်တွင် အမ်းမြို၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ အာရက္ခတပ်တော်မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါစစ်ကြောင်းတွင် ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်သည်။ သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်တွင် ရန်သူ့အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို မိမိတိုမှ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံပန်းအချိုကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ ထိုအတူ ထွက်ပြေးလွတ်မြောက် နေသည့် အနည်းငယ်သော ရန်သူအချိုကိုလည်း မိမိတိုမှ လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသည်။”

အမ်းတွင် နောက်ဆုံးလက်ကျန် ရှိနေသေးသည့် နပခအားလည်း အပြီးသတ် သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA က ကြေညာထားသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ