သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် စစ်ကျန်မိုင်းပေါက်ကွဲ၍ သက်ကြီးပိုင်းအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ

AB News -ဧပြီ ၂၅ ၊၂၀၂၅

ရက္ခိုင်ပြည်၊ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာတွင် စစ်ကျန်မိုင်း ၁ လုံးကို နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ သက်ကြီးပိုင်းအမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာမှ အသက် ၅၉နှစ်အရွယ် ချင်းလူမျိုး ဦးမောင်စံဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ၁၀ နာရီတွင် ဦးမောင်စံသည် ယာခင်းထဲ သွားခဲ့သည်။ မြောင်ထဲသို့ ရေသောက်ရန် ဆင်းစဉ် ယခင်က စစ်ကောင်စီထောင်ထားခဲ့သည့် တိုက်မိုင်း ၁ လုံးကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

” ဒီနေ့ နေ့လယ် ၁၀ နာရီလောက်မှာ ယာခင်ထဲသွားတာ။ရေသောက်ဖို့ဆိုပြီး မြောင်ထဲကို ဆင်းတဲ့အခါ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းကိုနင်းမိပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့​ခြင်းကြောင့် ဦးမောင်စံ၏ ခန္ဓာကိုယ်အနှံ့တွင် မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဦးမောင်စံအား နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူ နေကြောင်းသိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်းရှိ ယခင် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သော ရပ်ရွာများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆက်လက် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ