သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ် (၂) အခြေခံစစ်သင်တန်း ပြီးမြောက်ရေး ကူညီပံ့ပိုးပေးခဲ့သည့် အာရက္ခတပ်တော်အား အထူးကျေးဇူးတင်ကြောင်း CDF – Kanpetlet ထုတ်ပြန်


‎AB News- ဇူလိုင် ၈၊ ၂၀၂၅
‎ဒေဝီ

‎Chin Defence Force – Kanpetlet တပ်ဖွဲ့၏ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်းအောင်မြင်စွာ ပြီး‌မြောက်နိုင်ရေးအတွက် အဖက်ဖက်က ကူညီပံ့ပိုးပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို အထူးပင် ကျေးဇူးတင်ပါကြောင်း CDF-Kanpetlet  က ယနေ့ ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

‎Chin Defence Force – Kanpetlet တပ်ဖွဲ့၏ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး‌မြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်‌တော်(ULA/AA) နှင့် ပြည်တွင်းပြည်ပ သို့ ရောက်ရှိနေကြသော Chin Defence Force – Kanpetlet ၏ ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိ‌ပါ‌ကြောင်း ထုတ်ပြန်ကြေညာထားသည်။

‎စစ်အာဏာရှင်ကို တိုက်ထုတ်မည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် (၄) လကျော်ကြာမြင့်သော Chin Defence Force – Kanpetlet အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကိုလည်းကျင်းပပြီးစီးနိုင်ခဲ့သည်ဟု CDF- Kanpetlet က ဆိုသည်။

‎ယင်းအပြင် CDF- Kanpetletအနေဖြင့် အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက်ခြင်းရရှိသည်အထိ ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

‎Chin Defence Force – Kanpetlet တပ်ဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နှင့်အတူ မွေးဖွားလာသော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အား အပြည့်အဝ ကိုယ်စားပြုသောတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်