AB News – ဧပြီ ၈ ၊ ၂၀၂၅
ဘူးသီးတောင် ၊ မောင်တောတွင် အီဒုလ်ဖွိသွိရ်နေ့ အထိမ်းအမှတ်ပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျင်းပပြုလုပ်ပေးခဲ့ပြီး အစ္စလာမ်ဘာသာဝင်များအား စာနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် မတ်လ (၂၉ ၊ ၃၀) ရက်နှင့် ဧပြီလ ၁ ရက်နေ့တွင် ULA/ AA က ဘူးသီးတောင် ၊ မောင်တောက နေရာတချို့တွင် အီဒုလ်ဖွိသွိရ်နေ့ အထိမ်းအမှတ်ပွဲတော်များ ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့တွင် ဒေသခံမူဆလင်ပြည်သူများအား ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ဆမံ ၊ နို့ဆီ ၊သကြား အစရှိသည်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကူညီပေးခဲ့ကြောင်းသိရသည်။
”အီဒုလ်ပွဲတော်နေ့မှာ ULA /AA အစားအစာတချို့ ကူညီပေးခဲ့တယ်။ ဒီပွဲတင်မကဘူး ကျမတို့ရဲ့ ပွဲတော်တိုင်းကို ပြုလုပ်ဖို့ ခွင့်ပေးတယ်။ ကိုယ်တိုင်ကိုယ်ကျလည်း တက်ရောက်ဂုဏ်ပြုပေးကြတယ်။ ကျမတို့ရဲ့ ပွဲတော်ရက်မြတ်တွေကိုအခုလို အလေးပေးပြုလုပ်ပေးတဲ့အတွက် ULA /AA ကိုအထူးကျေးဇူးတင်ပါတယ် ” ဟု မောင်တောမှ စစ်ဘေးရှောင်မူဆလင်အမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။
“အီဒုလ်ဖွိသွိရ်နေ့ဆိုတာက ချစ်ခြင်းမေတ္တာနဲ့ တန်းတူညီမျှမှုကို ဖော်ပြသည့်နေ့ပါ။ မိမိစွမ်းနိုင်သမျှနဲ့ ဆင်းရဲသူများအတွက် ပြန်လှူတဲ့အခါမှာပဲ ဒီနေ့ရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကိုနားလည်နိုင်ပါတယ်” ဟု မော်လဝီဆရာတစ်ဦးက ဆိုသည်။
အီဒုလ်ဖွိသွိရ်နေ့သည် ဘာသာရေးအတွက်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်လည်း ပေါင်းသင်းဆက်ဆံရေးတန်ဖိုးရှိစေသည့်နေ့ဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြသည်။
ဓာတ်ပုံ-ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အစ်နေ့၌ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသခံများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည်ကို တွေ့ရစဥ်/ABN