Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစိုးရဝန်ထမ်းများအား လစာတိုးမည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီပြော

ABN-ထက်မြတ်ခင်

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများတိုးမြှင့်မည်ဟု လူမူကွန်ရက် စာမျက်နှာတွင် ပျံနှံ့နေသည်မှာ ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီထုတ် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကောလာဟလနှင့် ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းတိုးမြှင့်ဖို့မရှိကြောင်း ဧပြီလ ၂၂ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် ဖော်ပြထားသည်။

“လက်ရှိ ပြင်ပမှာဖြစ်ပေါ်နေတဲ့၊ သတင်းထွက်ပေါ်နေတဲ့ လစာနှုန်းထား တိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလာဟလပဲ ဖြစ်ပါတယ်။

လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဘဏ္ဍာရေးနှုန်းထားကို တိုးမြှင့်ဖို့ မရှိသေးပါဘူး” ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထုတ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း ကုန်ဈေးနှုန်းမြင့်မားနေခြင်းကြောင့် စကစ ဝန်ထမ်းများမှာ နိုင်ငံကပေးထားသည့် လစာဖြင့် လုံလောက်မှု မရှိ ဖြစ်နေကြကြောင်း ပြောကြသည်။

အစိုးရဝန်ထမ်းများအား လစာတိုးမည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ