Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်မှုများကြားမှ မြန်မာတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းထိ တိုးလာနေကြောင်း ကုလတွေ့ရှိ

ABN-သူရမောင်

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးသည့်အချိန်မှစကာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်းမှာ ပိုမိုမြင့်တက်လာလျက်ရှိနေသည်။ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း ဘိန်းအမြစ်ဖြတ်ရေး ကျဆင်းသွားခဲ့သည့်အတွက် သုံးပုံတစ်ပုံထိတိုးလာခဲ့ပြီး ယိုင်လဲနေသည့် စီးပွားရေးကြောင့်လည်း ပြည်သူအများအပြားကို မူးယစ်ဆေးကုန်သွယ်ရေးအတွက် ဦးတည်ချက်တစ်ခုဖြစ်ခဲ့ရကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂ ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ်အတွင်း ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်တပ်က ဖြုတ်ချကာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး နိုင်ငံတော်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် အချိန်မှစ၍ ၂၀၂၂ ခုနှစ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး အပြည့်အဝ ဘိန်းစိုက်ပျိုးမှုရာသီဖြစ်လာခဲ့သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ပပျောက်ရေးအဖွဲ့၏ ဖော်ပြချက်အရ မြန်မာတွင် ၄၀၁၀၀ ဟက်တာ (၉၉၀၉၀ ဧရိယာ) မှာ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့တဲ့အတွက်ကြောင့် စီးပွားရေး၊ လုံခြုံရေးနှင့် အစိုးရဖွဲ့စည်းပုံတွေက သိသိသာသာ ပြိုကွဲသွားရပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နယ်စပ်ဒေသတွေရှိ ဝေးလံခေါင်ဖျားပြီး မကြာမကြာ တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ ဒေသတွေက လယ်သမားတွေဟာ ဘိန်းကိုပြောင်းစိုက်ဖို့ကလွဲပြီး တခြားအလုပ်အကိုင်တွေ တော်တော့်ကို နည်းပါသွားခဲ့ကြပါတယ်” ဟု ကုလသမဂ္ဂ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas.

က ပြောသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အပေါ် အခြေခံ၍ မြန်မာ့ဘိန်းစီးပွားရေး၏ အလုံးစုံတန်ဖိုးမှာ ပြည်တွင်၌ရောင်းချမှုအပေါ်မူတည်ပြီး ဘိန်းစိမ်းအရေအတွက်များစွာကိုလည်း ဘိန်းဖြူ နှင့် အခြားမူးယစ်ဆေးဝါးများအဖြစ်သို့ ပြုပြင်ပြောင်းလဲခဲ့သည်။

“အရှေ့၊ အရှေ့တောင်အာရှနှင့် ဩစတေးလျနိုင်ငံတွေမှာ မြန်မာနိင်ငံက ထုတ်လုပ်တဲ့ ဘိန်းဖြူအားလုံးနီးပါးကို အစီရင်ခံထားခဲ့တယ်၊ ပြိးတော့ အာဖဂန်နစ္စတန်ပြီးရန် ကမ္ဘာ့ဒုတိယ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်၊ အာဖဂန်နစ္စတန်က ဒီထက်ပိုပြီး ထုတ်လုပ်နေသေးတဲ့အတွက် အဲဒီနှစ်နိုင်ငံကို နှိင်းယှဉ်စရာတော့ မရှိပါဘူး၊ ဒါပေမဲ့ မြန်မာနိုင်ငံက မှောင်ခိုလုပ်ငန်းတွေကိုတော့ မျက်ကွယ်ပြုထားလို့မရပါဘူး၊ အခုမြင်နေရတဲ့ စီးပွားရေး၊ လုံခြုံရေးအခြေအနေတွေဟာ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားနိုင်သေးတယ်ဆိုတာကိုလည်း စောင့်ကြည့်ထားသင့်ပါတယ်” ဟု ပြောခဲ့သည်။

Ref-AP

အကြမ်းဖက်မှုများကြားမှ မြန်မာတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းထိ တိုးလာနေကြောင်း ကုလတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ