AB News -ဒီဇင်ဘာ ၁၀၊၂၀၂၄
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီပစ် လက်နက်ကြီး ကျဥ်ထိမှန်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြု့နယ်၊ ဆမ္မဆယ်ကျေးရွာမှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီပစ် လက်နက်ကြီး ၃ ဆမ္မဆယ်ကျေးရွာ အတွင်းထဲသို့ ကျရောက်ပေါက်ကွဲ၍ ကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ဆမ္မဆယ်ကျေးရွာ၏ အမှတ် ၁ သကြားစက်ရုံအနီးနားတွင် ၁လုံး၊ စက်ရုံဘေး၌ ၂လုံးကျရောက်ပေါက်ကွဲ၍ စက်ရုံဝန်ထမ်းအမျိုးသမီး ၁ ဦးအပါအဝင် အမျိူးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့်နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု သိရသည်။
အမျိုးသား ၂ ဦး၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိသွားပြီး အမျိုးသမီး ၁ ဦး၏ ပေါင်တွင် ကျည်ထိဒဏ်ရာ ရသွားကြောင်း ဆိုသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများတွင် အရပ်သားပြည်သူများ ငြိမ်ချမ်းစွာနေထိုင် စားသောက်မနေနိုင်စေရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ပြည်သူလူထုများအနေဖြင့် အထူးဂရုစိုက်နေကြဖို့ TNLAမှ သတိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီမှ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၇ ဦးသေဆုံးခဲ့ကာ ၂၆ဦးထိခိုက်ရရှိခဲ့ပြီး လူနေအိမ်အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။