Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ဖုန်းအော်ပရေတာများမှတဆင့် ပြည်သူများသို့ ခြိမ်းခြောက်စာပို့

ABN-ရှိုင်းမိုး

Facebook တွင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ Post, Share, Like, Comment တင်ခြင်း သို့မဟုတ် တခြားလူ Post ပို့များကိုလည်း Share, Like, Comment လုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုမှ SMSမှ တဆင့် ယနေ့ ညနေ ၆ နာရီ ၁၁ မိနစ်က ပေးပို့​ခြိမ်းခြောက်ခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီမှာ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့ဖြစ်ပြီး ၎င်းတို့ ထိမ်းချုပ်မှုအောက်ရှိ ဖုန်းအော်ပရေတာများမှတဆင့် ထိုကဲ့သို့ ခြိမ်းခြောက်စာပို့ခဲ့ခြင်းဖြစ်သည်။

“ အကြမ်းဖက်မှုနှင့်ဆိုင်သော Post, Share, Like, Comment တင်ခြင်းများသည် ဥအဒေအရ အရေးယူခံရနိုင်ကြောင်း CCCT ( အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီ )မှ အသိပေးအပ်ပါသည်” ဟု SMSမှ တဆင့် ပေးပို့ထားသည်။

ရခိုင်တွင် နိုင်ငံတော်ကြည်ညိုပျက်စေမှုနှင့် မတရားအသင်းဆက်သွယ်မှုတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ များစွာရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ဖုန်းအော်ပရေတာများမှတဆင့် ပြည်သူများသို့ ခြိမ်းခြောက်စာပို့

ထင်မြင်ယူဆချက်‌‌ပေးရန်