Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ၁၇၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံ

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ၁၇၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံ

AB News – မတ်လ ၁၂၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ ၁၇၉ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ယမန်နေ့ မတ်လ ၁၁ရက်နေ့တွင် ထွက်ပြေးခိုလှုံခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသူများမှာ ရက္ခိုင့်တပ်တော်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကို ကြောက်လန့်ကာ တပ်ပျက်ထွက်ပြေးလာသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်( ရွာတော်ခရိုင်)၊ နတ်ကျောက်ဆရီ မြို့နယ်အတွင်း ခိုလှုံလျက်ရှိသည်။

တပ်ပျက်ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့် ၁၇၉ဦး အနက် ၂၉ ဦးမှာ မတ် ၁၁ ရက်၊ နံနက် ၉ နာရီခန့်ကလည်းကောင်း၊ အခြား ၁၅၀ ဦးမှာ ညနေ ၄ နာရီ အချိန်တွင် ထွက်ပြေးခိုလှုံလာခဲ့သည်ဟု သိရသည်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီ တပ်ဖွဲဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီကတည်းကပင် တိုက်ပွဲများ ဖြစ်ပွား နေခဲ့ပြီး ယမန်နေ့ မတ်လ ၁၁ရက်နေ့တွင်လည်း ရက္ခိုင့်တပ်တော်၏ ဖြတ်တောက်ဝိုင်းရံ ပိတ်ဆို့ထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်မှလည်း အဆိုပါစစ်ကောင်စီ၏ စစ်ကြောင်းများကို လိုက်လံချေမှုန်းတိုက်ခိုက်သောကြောင့် စခန်းစွန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်အထိ ရှိနိုင်ကြောင်း ရက္ခိုင့်တပ်တော်က အတည်ပြုပြောကြားခဲ့သည်။

ထွက်ပြေးလာသူများအနက် ၂၉ ဦးသည် နယ်စပ် Ashartali border မှလည်းကောင်း၊ နောက်ထပ် ၁၅၀ ဦးသည် နယ်စပ် Jamchari border မှလည်းကောင်း ဝင်ရောက်လာကြသည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က အတည်ပြုပြောဆိုခဲ့သည်။

နတ်ကျောက်ဆရီမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှ အုပ်ချုပ်ရေး အဖွဲ့ဝင် ဆာဘာအာမတ်နှင့် အခြားဒေသခံများသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့်များကို သွားရောက်တွေ့ဆုံချိန်တွင် မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် ဆာဘာအာမတ်၏ ခါးတွင် ထိမှန်ခဲ့ပြီး ယခု ကော့ဘဇားဆာဒါဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ရခိုင်ပြည်၊ မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲဝင် ၃၃၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြပြီး အဆိုပါထွက်ပြေးလာသူများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရေကြောင်းဖြင့် ပြန်ပို့ခဲ့သည်ကို တွေ့ရှိရသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး