Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ ဒေသခံ ၇ ဦး ကျည်ထိမှန်ဒဏ်ရာ၊ ခင်ဦးတွင်လည်း ၅ ဦးဒဏ်ရာရပြီး ၂ ဦးသေ

ABN-ထက်မြတ်ခင်

ဇူလိုင် ၂၀ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၍ အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဇူလိုင် ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်က ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ် ခလရ (၉၇) အား KNLA ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည် ကော့ကရိတ်မြို့တွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒဏ်ရာ ရရှိခဲ့သူများမှာ ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်မှ ဦးရူပါ၊ ဦးသိန်းဝင်း၊ ဒေါ်ရွှေ၊ အမှတ် ၂ရပ်ကွက်မှ ဒေါ်သန်းသန်း၊ ဒေါ်လှမြင့်အပါအဝင် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၄ဦးတို့ဖြစ်ကြသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ ၂၀ရက် နံနက်အချိန်ကလည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မူးသာကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ (၂)ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသူများမှာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကာ ဆေးကုသချိန်မရဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး (၁၂၀)မမ (၄)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ခင်ဦးနယ် မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ဒေသခံ(၅)ဦး လက်နက်ကြီးထိမှန်ခဲ့ကာ (၂)ဦးသေဆုံးခဲ့ရပြီး (၃)ဦး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ ဒေသခံ ၇ ဦး ကျည်ထိမှန်ဒဏ်ရာ၊ ခင်ဦးတွင်လည်း ၅ ဦးဒဏ်ရာရပြီး ၂ ဦးသေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ