Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီမှ တရားမဝင် ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲကို မပါဝင်ရန်နှင့် သန်းခေါင်စာရင်းကောက်ခြင်းတို့ကို ပူးပေါင်းပါဝင်ကြသူများအား ပြင်းပြင်းထန်းထန်း အရေးယူသွားမည်ဖြစ်ကြောင်း NUG ကြေညာ

ABN – နွယ်စိုး

အကြမ်းဖက်စစ်ကောင်စီမှ တရားမဝင် ကျင်းပပြုလုပ်သွားမည့် အတုအယောင်ရွေးကောက်ပွဲတွင် ပြည်သူများအနေနှင့် ပူးပေါင်ပါဝင်ခြင်းမပြုလုပ်ရန်နှင့် ငြင်းဆန်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်ထဲရေးဝန်းကြီးဌာနမှ ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့က ကြေညာလိုက်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၉ ရက်‌နေ့မှစက ၃၁ ရက်နေ့အထိ အိမ်တိုင်းစေ့ လူဦးရေစာရင်း ကောက်ခံလျက်ရှိနေပြီး တစ်ချို့သောနေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ကတည်းက စစ်ကောင်စီတို့သည် လက်ကိုင်တုတ်များ ကိုင်ဆောင်ကာ အုပ်ချုပ်‌ရေးမှူးနှင့် လဝက အဖွဲ့တို့ပူးပေါင်းကာသန်းခေါင်စာရင်းကောက်ယူခြင်းများကို အတင်းအကျပ်ကောက်ခံနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်းလူဦး‌ရေစာရင်း ကောက်ခံရာ၌ အားပေးအားမြှောက်တွန်းအားပေးကြသည့် အကြမ်းဖက် စစ်‌ကောင်စီအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊လဝက အဖွဲ့များအပါအဝင် အခြားမည့်သည့်‌ဒေါက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ပြင်းပြင်းထန်းထန်း တရားစွဲအရေးယူဆောက်ရွက်သွားမည့် ဟု NUG မှ ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် Working Groupsများသည် ရခိုင်ပြည်ရှိ မြို့နယ်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ခံမှုများကို ပြုလုပ်နေပြီး ဗမာပြည်ရှိ ဒေသအချို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာ သန်းခေါင်စာရင်းများကို ကောက်ခံနေကြောင်း သိရသည်။

ထို့အပြင် ဗမာပြည်ရှိ စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် Working Groupsထဲမှ ဝန်ထမ်းအချို့မှာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ငြင်းပယ်လျက်ရှိကြောင်း ဗမာပြည်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ