Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“ဟိုင်ဂင်သဘောတူညီမှု” အစည်းအဝေးမှထွက်ပေါ်လာသော ရလဒ်များအပေါ် ညီနောင်မဟာမိတ် ၃ဖွဲက ထုတ်ပြန်

"ဟိုင်ဂင်သဘောတူညီမှု" အစည်းအဝေးမှထွက်ပေါ်လာသော ရလဒ်များအပေါ် ညီနောင်မဟာမိတ် ၃ဖွဲက ထုတ်ပြန်

AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် “ဟိုင်ဂင်သဘောတူညီမှု” အစည်းအဝေးမှထွက်ပေါ်လာသည့် ရလဒ်များအပေါ် ညီနောင်မဟာမိတ် ၃ဖွဲက ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သံတမန်ရေးရာကြိုးပမ်းဆောင်ရွက်ချက်များနှင့်အညီ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီ (NSPNC) နှင့် MNDAA၊ TNLA နှင့် AA တို ပါဝင်သော ညီနောင်မဟာမိတ် ၃ဖွဲမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၊ ကူမင်မြိုတွင် “ဟိုင်ဂင်သဘောတူညီချက်”ကို ဇန်နဝါရီလ ၁၀ရက်မှ ၁၁ရက်နေ့အထိ ၂ရက်ကြာညှိနှိင်းဆွေးနွေးခဲ့သည်။

ယခုဆွေး နွေးခဲ့သည့် အစည်းအဝေးမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပါတီများသည် အောက်ဖော်ပြပါ အဓိကအချက်များဖြင့် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

ပထမသဘောတူညီချက်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်၊ ည ၉နာရီအချိန်မှ စ၍

၁. နှစ်ဖက်တပ်များ ချက်ချင်း ပစ်ခတ်ရေး ရပ်စဲရန်

၂. ဒုတိယသဘောတူညီချက်အဖြစ် နှစ်ဖက်တပ်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန် နှစ်ဖက်ပါတီများ ကတိပြုခြင်း

၃. ပစ်ခတ်မှုများ ပါဝင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အငြင်းပွားမှုများနှင့် လိုအပ်ချက်များရှိလာပါက တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ၎င်းပြဿနာကို ဖြေရှင်းကြရန် ဟု ကတိကဝတ်ပြုခဲ့ကြသည်။

အဆိုပါ သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရာတွင် ညီနောင်မဟာမိတ် ၃ဖွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC)၏ ဗျူဟာကုန်းများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရေးမှ ရှောင်ရှားရန် ကတိပြုခဲ့သည်။

အပြန်အလှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC)သည် ညီနောင်မဟာမိတ် ၃ဖွဲ၏ ထိန်းချုပ် နယ်မြေများကို အမြောက်များနှင့် လေကြောင်းပစ်ကူများကို အသုံးပြုပြီး
ရန်စတိုက်ခိုက်ခြင်းများ မပြုလုပ်ရကြောင်း သဘောတူခဲ့သည်။

ထိုအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများနှင့် တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် တရုပ်ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်ပျက်စီးစေခြင်းမှ ရှောင်ကြဥ်ကြရန် နှစ်ဖက်စလုံးမှ ကတိပြုခဲ့သည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး အစီအစဥ်များနှင့် အခြားသောဆက်စပ်သည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားရန် 
သဘောတူညီခဲ့ကြသည်။

“ဇန်နဝါရီလ ၁၂ရက်နေ့သည် “ဟိုင်ဂင်သဘောတူညီမှု” အရ “ဟိုင်ဂင်ဆွေးနွေးပွဲရလဒ် အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်” ဟု ညီနောင်မဟာမိတ် ၃ဖွဲက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ