Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သျှမ်း- ကယားနယ်စပ်ရှိ ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ABN-မေအိအိအောင်

ဇွန် ၂ ရက်

သျှမ်း – ကယားနယ်စပ်ရှိ ကယန်းပြည်သစ်တပ်မတော်၏ လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ယမန်နေ့ ဇွန် ၁ ရက် နံနက် ၄ နာရီခန့်တွင် သျှမ်း- ကယားနယ်စပ်၊ မိုးဗြဲ- ပီကင်း လမ်းရှိ (ကယန်းပြည်သစ်တပ်မတော်) KNLA ၏ နယ်မြေ လုံခြုံရေးဂိတ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကယန်းပြည်သစ် တပ်မတော်၏ လုံခြုံရေးဂိတ် တစ်ခုလုံးပျက်စီးသွားပြီး ရဲဘော်များထိခိုက်မှု ရှိ၊ မရှိကိုမှု အတည်မပြုရသေးကြောင်း သတင်းတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးနှင့် ထန်တန်မြို့ကြား သီးမစ်ချောင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် CDF-HaKha, CDF-Zophei, CDF-Thantlang နှင့် CNA တပ်ဖွဲ့များမှ ရဲဘော် ၉ ဦးကျဆုံးခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း သျှမ်းပြည် မိုးဗြဲမြို့တွင် PDF နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ